What’s SUCCESS ?


       
          ၂၅-ရက်နေ့က TU Barcamp Lashio မှာ ကျွန်တော်ပြောဖို့ ပေးထားတဲ့ ခေါင်းစဉ်က 10 Rules of SUCCESS ပါ၊ အဲဒီနေ့က ကျွန်တော်ပြောရမယ့် အချိန်က နေ့လည် ၁-နာရီခွဲမှ ဆိုတော့ ပြောမယ့် အချိန်ကို စောင့်ရင်းနဲ့ နေ့လည် ထမင်းစား နားပြီးစ ၁၂-ခွဲ အချိန်မှာ အခန်းကလည်း တစ်ခန်းလွတ်နေလို့ ဒီခေါင်းစဉ် ဖြစ်တဲ့   What’s SUCCESS ? ကို ပြောဖြစ်တာပါ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ်တော့ ကျွန်တော့်ကို လာရှိုးကသူတွေ သိပ်မသိ ကြဘူးဗျ၊ မသိဘူးဆို ကျွန်တော်ကလည်း Celebrity တစ်ယောက်လည်း မဟုတ် ဘူးလေ၊ ဒါပေမယ့် မန်းလေး၊ နဲ့ ပြည်ကသူတွေ တစ်ချို့တော့ ကျွန်တော့်ကို သိကြပါတယ် … မိထ္ထီလာက လည်း နည်းနည်းပါးပါးတော့ သိကြပါတယ် … လာရှိုးကတော့ ကျွန်တော်နဲ့ တော်တော်လေးစိမ်း တယ် လို့ ပြောလို့ရတယ် … ဒါကြောင့် ပရိတ်သတ် အနေအထားလည်း သိရအောင် Intro ဝင်လိုက်တဲ့ သဘောပါ … ကျွန်တော် စပြောမယ့် အချိန်အထိ လူ ၆-ယောက်လောက်ပဲ ရှိတယ် ဒါပေမယ့် ပြောနေရင်းမှ တဖြည်းဖြည်း ရောက်လာကြတာ … တော်တော်များပါတယ် … ဒီလိုနဲ့ လာရှိုးမှာလည်း ပရိတ်သတ်က အတိုင်းအတာ တစ်ခုအထိ ရခဲ့ပါတယ် ။ SUCCESS ဆိုတဲ့စာလုံးတွေကို အဓိပ္ပာယ်နဲ့လည်း ကိုက်ညီအောင် ကိုယ်ပြောတဲ့ အကြောင်းအရာကိုလည်း ထိမိအောင် နားနေခန်းထဲမှာ ချက်ချင်း power point လုပ်ပြီး ပြောလိုက်တာပါ။ ဒါပေမယ့် တကယ်ပြောတော့ power point မပါ ခဲ့ပါဘူး … ထုံးစံအတိုင်းပေါ့ ဒီအတိုင်းပဲ ပြောလိုက်တာပေါ့ဗျာ … တကယ်တော့ ကျွန်တော်က စကားပြောရင် power point   တွေ paper တွေပါရင် မကြိုက်ဘူးဗျ … စာသင်ရင်တောင် စာအုပ်ကို မကြည့်ခိုင်းဘူး … ဦးနှောက်ထဲကို တခါတည်း ရသလောက်ထည့်ပေးလိုက်တယ် … ပြီးမှ စာအုပ်ကို ပြန်ကြည့်ခိုင်းတယ် … ။
          ကျွန်တော်က ဘဝအောင်မြင်ရေး အကြောင်းတွေ ပြောလေ့ရှိတော့ တစ်ချို့ချို့တွေက  ဟေ့ကောင် အောင်ကိုဦး မင်းက ဘယ်လောက် အောင်မြင်နေလို့ လျှောက်ပြောနေတာလဲ လို့ ပြောကြတဲ့ သူတွေလည်း ရှိပါတယ် … ။ ဟုတ်ပါတယ် … တကယ်တော့ အောင်ကိုဦးဆိုတဲ့ ကောင်လေးတစ်ယောက်က လျှမ်းလျှမ်း တောက် အောင်မြင်နေတဲ့သူ တစ်ယောက်တော့ မဟုတ်ဘူး … ။ ဒါပေမယ့် သုည ဘဝကနေ ဒီအခြေအနေ ရောက်အောင် ကြိုးစားခဲ့ရတာတွေကို သိသလောက် ပြန်ပြောပြနေတာပါ … ။ ဒီခရီးလမ်းမှာ အဆိုးရွားဆုံး ဆိုတာထက် ဆိုးရွားခဲ့တဲ့ အခြေအနေတွေ ၃-ကြိမ်ထက် မနည်း ဖြတ်သန်းခဲ့ရတာပါ … ။ ဒါတွေကို ကျွန်တော်နဲ့ နီးစပ်တဲ့ တစ်ချို့သော သူတွေ သိပါတယ် … ။ ကျွန်တော်က အောင်မြင်ရေးအကြောင်းတွေ ပြောနေတာ … အောင်မြင်ရေးစာတွေ ရေးနေတာ … တကယ်ကို လူငယ်တွေကို တိုးတက် အောင်မြင် စေချင်လို့ပါ … ကျွန်တော့် စာသင်ခန်းထဲမှာ စာသင်ပြီးတာနဲ့ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး နားနေလို့ ရပါတယ် … ဒါပေမယ့် အပင်ပန်းခံပြီး ကျွန်တော်သွားနေတယ် .. ကျွန်တော်ပြောနေတယ် .. ကျွန်တော် ရေးနေတယ် ဆိုတာ … တကယ်ရင်ထဲက စေတနာနဲ့ပါ …. ။ ဒါနဲ့ လိုရင်းကို မရောက်တော့ဘူး … လိုရင်းကို ပြန်ပြောကြရအောင် …
          တကယ်တော့ ဘဝအောင်မြင်ရေးဆိုတာ လွယ်လွန်းလို့ ခက်နေတာပါ … It’s too easy to do. လို့ ပြောရမယ်ထင်တယ် … လွယ်လွန်းလို့ မလုပ်ဖြစ်ကြတာပါ။ ဘဝအောင်မြင်ရေးကို formula ထုတ်ကြည့် ရင် Goal – Plan – Action – Get Goal = SUCCESS ဒါပါပဲ … ဘာမှ အထူးအဆန်း မရှိပါဘူး ။ အရေးကြီးတာက တကယ်လက်တွေ့ လုပ်ဖို့ပဲလိုတာပါ။ အောင်မြင်ချင်တဲ့သူတွေဟာ တိကျတဲ့ရည်မှန်းချက် ပန်းတိုင်ရှိဖို့ လိုပါတယ်၊ ပန်တိုင်သိမှ လမ်းကို ရှာရမှာပါ … လမ်းကို သိရင် ရောက်တဲ့အထိ လျှောက်ရုံပါပဲ … ပန်းတိုင်ကို ရောက်သွားပြီးဆိုရင် ဒါဟာ သူ့အတွက် အောင်မြင်မှု ရသွားတာပါပဲ … ။

What’s SUCCESS ?
Set Your Goal
-       ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုက်ကို သတ်မှတ်ပါ။
ဒီနေရာမှာလည်း ရည်မှန်းချက်ပန်းတိုင် နဲ့ ဆန္ဒကို ခွဲခြားတတ်ဖို့ လိုပါတယ် … ။ ဥပမာ - ချမ်းသာချင်လားလို့ မေးတဲ့အခါ ချမ်းသာချင်တယ်လို့ ဖြေပါလိမ်မယ် … ။ အဲဒီချမ်းသာချင်တယ် ဆိုတဲ့ အဖြေက ဆန္ဒပါ၊ နှောင် ၅-နှစ်မှာ သိန်း-၅၀၀၀ ချမ်းသာချင်တယ် ဆိုမှသာ ဒါဟာ ရည်မှန်းချက် ပန်းတိုင်ပါ။ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာကို အေသင်ချိုဆွေ နဲ့ သြရသ သီချင်းထဲကလို နဖူးပေါ်လက်တင် စဉ်းစားကြည့်ကြပါ … ရင်မောနေရသေးတယ် ဆိုရင် သေချာတဲ့ ရည်မှန်းချက် ပန်းတိုင် မရှိသေးလို့ပါ။ ဒီနေ့ကစပြီး ရင်မမောရအောင် သေချာတဲ့ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်လိုက်ပါ။

Unique Your Thoughts
-       ကိုယ်ရဲ့ အတွေးတွေကို စုစည်းလိုက်ပါ။
ဘာဖြစ်ချင်လဲ လို့ တကယ်စဉ်းစားကြည့်တဲ့အခါ ဘာဖြစ်ချင်မှန်း သေသေချာချာ မသိတာ ဖြစ်နိုင်သလို၊ ဖြစ်ချင်တာတွေ များနေတာလည်း ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ကိုယ်က ဖြစ်ချင်တယ် လို့ ထင်တဲ့ကိစ္စတွေဟာ ကိုယ်ကိုယ်တိုင် တကယ်ဖြစ်ချင်တာလား … ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကြောင့်လား ဆိုတာ ကွဲပြားအောင် သုံးသပ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဥပမာ - လူကြီးလူငယ်တော်တော်များများ ဆော့နေကြတဲ့ Candy Crush ကို ကိုယ်က ဆော့ချင် တာဟာ ကိုယ်က တစ်ကယ်ကြိုက်လို့လား … လူတွေ တော်တော်များများ ဆော့ နေကြတော့ ကိုယ်က မဆော့ဘူးရင် ခေတ်မမှီမှာစိုးလို့ လိုက်ဆော့တာလား … ဒါကို ကွဲကွဲပြားပြား မြင်ဖို့ လိုပါလိမ့်မယ် … ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တယ်လို့ ထင်တဲ့ ကိုယ့်ရဲ့ စိတ်ကူး အတွေးတွေ အားလုံး ကို စုစည်းကြည့်လိုက်ပါ … ပြီးတော့ သေချာတဲ့ အဖြေတစ်ခုကို ရအောင်ရှာကြည့်လိုက်ပါ။

Challenge Yourself
-       ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်ပါ
အဲဒီလို သေချာတဲ့ အဖြေတစ်ခု ရပြီးဆိုရင် ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်ပါ … နောက် ၅-နှစ်အတွင်းမှာ သိန်း-၅၀၀၀ ရအောင်လုပ်မယ် … တကယ်လို့ ရှုံးနိမ့်သွားရင် ဘယ်လိုပေးဆပ် ရမယ် စသည်ဖြင့် လောင်းကြေးကိုပါ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်ပါ … ။ ကိုယ့်ကိုကိုယ်ပဲ စိန်ခေါ်ပါ … ကိုယ့်ကိုကိုယ်ပဲ နိုင်အောင်ပြိုင်ပါ … ။ ကိုယ့်ရဲ့အကောင်းဆုံး ပြိုင်ဖက်ဟာ ကိုယ်ကိုယ်တိုင်ပါပဲ … ။

Compare Yourself
-       ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ပါ
ကိုယ့်ကိုကိုယ် စိန်ခေါ်ပြီးလို့ စတင်လုပ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ အားထုတ်မှု … ကိုယ့်ရဲ တိုးတက်မှုကို ပြန်နှိုင်းယှဉ်ပါ …။ ဘယ်တော့မှ သူများနဲ့ မနှိုင်းယှဉ်ပါနဲ့ … ။ လူဆိုတာ ကိုယ့်ရဲ့ ပါရမီနဲ့ ကိုယ်လာ ကြတာပါ။ ဒီနေ့တစ်နေ့တည်း သင်တန်းတစ်ခုကို သူငယ်ချင်းနှစ်ယောက် အတူတူ တက်ကြ ပေမယ့် ရလိုက်တဲ့ အတိုင်းအတာခြင်းက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး ဒါကြောင့် ကိုယ့်ကိုကိုယ်ပဲ နှိုင်းယှဉ်ပါ … ။ သူများတွေနဲ့ နှိုင်းယှဉ်ရင် ဘာတွေ ဖြစ်တတ်လဲ … ကိုယ့်ထက် နိမ့်တဲ့သူနဲ့ နှိုင်းယှဉ်ရင် “ကြည့်စမ်း ဒါလေးတောင် မတတ်ဘူး တော်တော် ညံ့တာပဲ ” စသည်ဖြင့် တွေးပြီး ကိုယ့်ကိုကိုယ် ဘဝင်မြင့်တတ်ပါတယ် … ။ စာနာစိတ်ဝင်တယ်၊ ဖေးမကူညီပေးချင်တယ် ဆိုရင် တော်ပါ သေးတယ်။ ဒီလိုပဲ ကိုယ့်ထက်သာတဲ့သူနဲ့ နှိုင်းယှဉ်ရင် “သူတို့ကတော့ တော်မှာပေါ့ မိဘက ပံ့ပိုးနိုင်တာကိုး … ငါ့များ အဲဒီလိုပံ့ပိုးပေးလို့ကတော့ သူ့လောက်တော့ အသာလေးပါ” စသဖြင့် မနာလို ဝန်တိုဖြစ်တတ်ပါတယ် … မုဒိတာ ပွားနိုင်ရင်၊ အားကျအတုယူချင်ရင် ကောင်း ပါတယ် …။ ဒါကြောင့် မနေ့ကကိုယ် နဲ့ ဒီနေ့ကိုယ်၊ မနှစ်ကကိုယ် နဲ့ ဒီနှစ်ကိုယ် …. ကိုယ့်ကိုကိုယ်ပဲ နှိုင်းယှဉ်ပါ။

Encourage Yourself
-       ကိုယ့်ကိုယ်ကို အားပေးပါ
ဘဝခရီးကို လျှောက်လှမ်းတဲ့အခါ …အောင်မြင်ဖို့အတွက် ကြိုးစားနေတဲ့အခါ အမြဲတမ်းတော့ ပန်းခင်းတဲ့ လမ်းကို လျှောက်ရမှာတော့ မဟုတ်ပါဘူး … ဒုက္ခတွေဟာ နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ကြုံနိုင်ပါတယ် … ။ အဲဒီအချိန်မှာ ဘယ်သူတွေ ကိုယ့်အနားမှာ ရှိသည်ဖြစ်စေ … မရှိသည်ဖြစ်စေ ကိုယ့်ကိုကိုယ် အားပေးပါ။ ကျွန်တော်ကိုယ်တိုင် တစ်ယောက်တည်း ကိုယ့်ကိုကိုယ် အားပေးပြီး ဖြစ်ကျော်ခဲ့ရပါတယ် … ။ ဒီအကြောင်းတွေရေးပြရင် စာရှည်မှာစိုးတာရယ် … ကိုယ်ရည်သွေးတယ် လို့ဖြစ်မှာစိုးတာရယ် … ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါဝင်တာကြောင့် မရေးပြတောပါဘူး … ဒါပေမယ့် တကယ်သင်ခန်းစာယူဖို့ သိချင်တယ်ဆိုရင် မက်ဆေ့နဲ့ပဲဖြစ်ဖြစ် … ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ် မေးနိုင်ပါတယ်။

Save Your Efforts
-       ကိုယ့်ရဲ့ အားထုတ်မှုတွေကို ထိန်းသိမ်းပါ
လူတွေဟာ နည်းနည်းလေး နေရာရလာတဲ့အခါ … အောင်မြင်လာတဲ့အခါ သာယာတတ်ကြ ပါတယ် … အဲဒီလိုသာယာနေပြီးတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အပြီးအပိုင် save မလုပ်လိုက်မိရင် မြောင်းထဲကို ပြန်ရောက်သွားနိုင်ပါတယ် … ။ ကွန်ပျူတာစကားနဲ့ ပြောရရင် ခုမြင်နေရတဲ့ အောင်မြင်မှုလေးဟာ memory ထဲမှာပဲ ရှိပါသေးတယ် … Hard disk ထဲကို မရောက် သေးပါဘူး။ Ctrl+S နှိပ်လိုက်ဖို့ မမေ့ပါနဲ့ … ။ အဲဒီလို မဟုတ်ရင် အချိန်မရွေး ပျောက်ပျက် သွားနိုင်ပါသေးတယ် … ။ ဒါကြောင့် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု နဲ့ ရလာတဲ့ အောင်မြင်မှုကို Ctrl+S လုပ်လိုက်ပါ။

SUCCESS is the Achievement of Your Goal
-       အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိခြင်းပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း အဆင့်ဆင့်ကျော်ဖြတ်ပြီးလို့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် ကို ရောက်ရှိသွားပြီ … ရရှိပိုင်ဆိုင်သွားပြီ  ဆိုရင် ဒါဟာ ကိုယ့်ရဲ့အောင်မြင်မှုပါ … ။ ဒီနေရာမှာ အောင်မြင်တာနဲ့ ကျော်ကြားတာကို သပ်သပ်စီခွဲပြီး မြင်ဖို့လိုပါတယ် … အဲဒီနှစ်ခုဟာ တစ်ပေါင်းတည်း တွဲပြီးတွေ့ရတတ်ပေမယ့် တကယ်တော့ သပ်သပ်စီပါ … အောင်မြင်သူတိုင်း လည်း မကျော်ကြားကြသလို … ထင်ပေါ်ကျော်ကြားသူတိုင်းလည်း အောင်မြင်သူတွေတော့ မဟုတ်ကြပါဘူး …။

“လူငယ်တိုင်း အောင်မြင်နိုင်ကြပါစေ … ”

အောင်ကိုဦး(UMK)
Be the Best !

(ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး တချက်ခြင်း အသေးစိတ်အကြောင်းအရာတွေကို “လူငယ်တွေ အောင်မြင်ဖို့” ဆောင်းပါးတွေမှာ ရေးပေးထားပါတယ် …. )



Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment