Characteristics of Entrepreneur
-
စွန့်စားမှုကို
ချစ်မြတ်နိုးခြင်း
စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ စွန့်စားမှုကို
ချစ်မြတ်နိုးကြပါတယ် … ။ စီးပွားရေးလုပ်တာ အရှုံး/ အမြတ် ရှိမှာတော့ သေချာပါတယ် … ။
အမြတ်ကို လိုချင်သလို အရှုံးကိုလည်း ရင်ဆိုင်ရဲရပါမယ် … ။ တစ်ချို့သော လုပ်ငန်းတွေဟာ
ဈေးကွက်အသစ်တစ်ခု အဖြစ် စတင်တဲ့အခါ စွန့်စားမှုကို ခံနိုင်ရည် ရှိဖို့၊ ချစ်မြတ်နိုးတတ်ဖို့
အထူးအရေးကြီးပါတယ် …။
-
အလုပ်ကြိုးစားခြင်း
အလုပ်ကြိုးစားသူတိုင်း အောင်မြင်ချင်မှ
အောင်မြင်ကြမှာ ဖြစ်ပေမယ့် အောင်မြင်လာသူတိုင်းတော့ ကြိုးစားခဲ့ကြပါတယ် … ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်
တွေဟာလည်း အလုပ်ကို အင်မတန်ကြိုးစား ကြပါတယ် …။ အနောက်နိုင်ငံက နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့
ပညာရှင်၊ လုပ်ငန်းရှင် စတာတွေကို လေ့လာကြည့်လိုက်ရင် သူတို့တွေ တစ်နေ့မှာ ၁၄-နာရီကနေ
၁၈-နာရီ လောက်အထိ အလုပ်လုပ်ကြတာကို တွေ့ရပါတယ် … ။
-
ရည်မှန်းချက်ကြီးမြင့်ခြင်း
စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ ရည်မှန်းချက်ကြီးကြပါတယ်
… ။ သူတို့ရဲ့ လုပ်ငန်းတွေကို Local အတွက်လောက်သာ စဉ်းစားရုံမကပဲ Global အထိ စဉ်းစားထားကြပါတယ်
… ။ ကြိုးစားမှုတွေ အောင်မြင် လာဖို့အတွက် ကြီးမြင့်တဲ့ ရည်မှန်းချက် တွေကလည်း အဓိက
အခန်းကဏ္ဍက ပါဝင်နေပါတယ် … ။
-
လုပ်ငန်းခွင်တွင်စိတ်နှစ်ကာ
ပျော်ရွင်ခြင်း
ကိုယ့်ရဲ့ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ
လုပ်ငန်းအပေါ်မှာ စိတ်ကပ်နေရပါမယ် … စိတ်နစ်နေရ ပါမယ် … ၊ တနည်းပြောရင် အမြဲတမ်း ဈာန်ဝင်နေရပါမယ်
… ။ လုပ်ငန်းကို ချစ်မြတ်နိုးပြီး ဈာန်ဝင်နေ တဲ့ အတွက် လုပ်ငန်းရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊
အောင်မြင်ရာ အောင်မြင်ကြောင်းတွေကို အမြဲတမ်း ဖန်းတီးဖို့ စဉ်းစားနေကြပါတယ် … ။ ဘယ်လို
အကောင်းဆုံးလုပ်ရမှာလဲ ဆိုတာကိုလဲ သိနေကြပါတယ် … ။
-
စူးစမ်းလေ့လာခြင်း
စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့
လုပ်ငန်းအပေါ် အာရုံစူးစိုက်မှု အပြည့်အဝ ရှိသလို နောက်ထပ် အသစ် … အသစ်တွေ တီထွင်ဖန်တီး
ဆန်းသစ်ဖို့အတွက် အမြဲတမ်း စူးစမ်းလေ့လာ နေကြပါတယ် … ။ အဲဒီ စူးစမ်းလေ့လာမှုတွေကပဲ ဖန်တီးမှု
အသစ်တွေ ထပ်ဖြစ်လာကြတဲ့အတွက် လုပ်ငန်းဟာ အောင်မြင်သထက် အောင်မြင်လာကြပါတယ် … ။
-
တီထွင်ဖန်တီးနိုင်ခြင်း
တီထွင်ဖန်တီးနိုင်မှု စွမ်းရည်ဟာ စွန့်ဦးတီထွင်
လုပ်ငန်းရှင်တိုင်းမှာ တွေ့ရတဲ့ အရေးကြီးဆုံး ဂုဏ်အင်္ဂါ လက္ခဏာ တစ်ခုပါ၊ တီထွင်ဖန်တီးနိုင်မှု
စွမ်းရည် အားကြီးလို့လည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ဖြစ်လာကြတာပါ … ။
-
သြဇာလွှမ်းမိုးနိုင်ခြင်း
စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ လုပ်ငန်းအပေါ်မှာ၊
ဈေးကွက်အပေါ်မှာ၊ ပတ်ဝန်းကျင်မှာ သြဇာလွှမ်းမိုး နိုင်ကြပါတယ်။ တနည်းအားဖြင့် ပြောရင်
သြဇာလွှမ်းမိုးနိုင်တယ် ဆိုတာ သူများထက် ပိုသိ၊ ပိုတော်၊ ပိုတတ်တာ … ပိုပြီး အရည်အချင်းရှိတာ၊
အနည်းဆုံး နှာတစ်ဖျား သာနေလို့ပါ … ။ သြဇာလွှမ်းမိုး နိုင်တာကလည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့
အဓိက အရည်အချင်း တစ်ချက်ပါ … ။
-
ဖြတ်ထိုးဉာဏ်ရှိခြင်း
ဖြတ်ထိုးဉာဏ် ရှိတာကလည်း စွန့်ဦးတီထွင်
လုပ်ငန်းရှင်တွေရဲ့ စွမ်းရည် တစ်ခုပါ … ။ တစ်ခုခုကို ဆုံးဖြတ်ချက်ချ လုပ်ကိုင်ရတဲ့အခါ
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ဖြတ်ထိုးဉာဏ်နဲ့ ဆုံးဖြတ် နိုင်စွမ်း ရှိကြပါတယ်
… ။ တနည်းပြောရင် လိမ္မာ ပါးနပ်ကြတယ် … ။
စွန်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လိုတဲ့
လူငယ်တွေ လိုအပ်ချက်တွေကို ကြိုတင် ဖြည့်ဆည့်ထားနိုင်ဖို့ ရေးသား လိုက်ပါတယ် …. ။
[ဆရာ ရဲမြင့်(စွန့်ဦးတီထွင်) ရဲ့ ဟောပြောပွဲတစ်ခုမှာ
နားထောင်ခဲ့ဖူးတာတွေကို အခြေခံကာ ပြန်လည် ရေးသားပါသည်။]
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment