ဆရာအောင်ကိုဦး(UMK)ကို
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စခန်းမော်ကျေးရွာတွင် အဖ ဆရာဦးကိုလေး၊ အမိ ဆရာမ ဒေါ်တုတု
တို့က ၁၉၈၇ ခုနှစ် မတ်လ ၁-ရက်နေ့ (တနင်္ဂနွေနေ့) မှာ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ အောင်ကိုကိုဦး
ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ ပုသိမ်တက္ကသိုလ်မှ B.Sc (Marine Science) ဘွဲ့ကို ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဘွဲ့လွန်ဒီပလိုမာကို ဆက်လက် ရရှိခဲ့ပါတယ်။ ၂၀၀၂-ခုနှစ်၊ အထက်တန်းကျောင်းသား ဘဝတွင် နံရပ်ကပ်စာစောင်များတွင် ကဗျာများ၊ ဆောင်းပါးများကို စတင်ကာ ရေးသားခဲ့ပါတယ်။ ပုသိမ်တက္ကသိုလ်၊“ရခိုင်အမျိုးသား စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ” တွင် တွဲဖက်အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ပုသိမ်တက္ကသိုလ်မှ B.Sc (Marine Science) ဘွဲ့ကို ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဘွဲ့လွန်ဒီပလိုမာကို ဆက်လက် ရရှိခဲ့ပါတယ်။ ၂၀၀၂-ခုနှစ်၊ အထက်တန်းကျောင်းသား ဘဝတွင် နံရပ်ကပ်စာစောင်များတွင် ကဗျာများ၊ ဆောင်းပါးများကို စတင်ကာ ရေးသားခဲ့ပါတယ်။ ပုသိမ်တက္ကသိုလ်၊“ရခိုင်အမျိုးသား စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ” တွင် တွဲဖက်အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၀-ပြည့်နှစ်တွင်
ရန်ကုန်မြို့ ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်းတွင် လက်ထောက်ဆရာ အဖြစ်
စတင်တာဝန်ယူခဲ့ပါတယ်။ ၂၀၁၂-ခုနှစ်တွင် Education Digest Journal နှင့် British
Council; Myanmar Network အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ ဆောင်းပါးများ
စတင်ရေးသားခဲ့ပါတယ်။ ၂၀၁၃-ခုနှစ်တွင် “General English 4 Skills online free (အခမဲ့
အွန်လိုင်း အင်္ဂလိပ်ဘာသာစကား သင်တန်း)” ကို ဖွင့်လှစ်ကာ သင်တန်းသားပေါင်း ၈၀၀၀-ကျော်ကို
သင်ကြားပို့ချပေးခဲ့ပါတယ်။ ၂၀၁၃-ခုနှစ်မှာပဲ “ACUITY ENGLISH LANGUAGE CENTER” ကိုတည်ထောင်ခဲ့ပါတယ်။
“(၁၄) ကြိမ်မြောက် နိုင်ငံတကာ အင်္ဂလိပ်စာ ဆရာ/ဆရာမ များ နှီးနှောဖလှယ်ပွဲ” ကိုလည်း တက်ရောက်
ဆွေးနွေးခဲ့ပါတယ်။
“Guide
to Study English Language (အင်္ဂလိပ်ဘာသာစကား လေ့လာနည်းလမ်းညွှန်)” စာအုပ်ကို ထုတ်ဝေခဲ့ပြီး
“လူငယ်တွေ စဉ်းစားဖို့” အမှတ် (၁) နှင့် (၂) ဆောင်းပါးပေါင်းချုပ် စာအုပ်များကိုလည်း
မကြာမီ ထုတ်ဝေဖြန့်ချီရန် စီစဉ်ထား ပါတယ်။
လက်ရှိအချိန်တွင် ACUITY ENGLISH LANGUAGE CENTER တွင် ကိုယ်တိုင်
သင်ကြားပို့ချလျှက်ရှိသလို၊ Education Digest Journal, British Council; Myanmar
Network, Academic Weekly Education Journal, the Union Daily Newspaper, Techspace
Journal, 7 Day daily newspaper, PLAN Basic ICT & Education Magazine ၊ မောက္ခပညာရေးမဂ္ဂဇင်း၊
စံတော်ချိန်နေ့စဉ်သတင်းစာ တို့မှာ အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ ဆောင်းပါးများ၊ ပညာရေးဆိုင်ရာ၊
လူငယ်ရေးရာ၊ ဘဝအောင်မြင်ရေးဆိုင်ရာ၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု ဆိုင်ရာ ဆောင်းပါးများ
ရေးသားလျှက်ရှိနေပြီး၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ တက္ကသိုလ်များ၊
ကုမ္ပဏီများ၊ အသင်းအဖွဲ့များ အပါ အဝင် နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ မိထ္တီလာ၊ လာရှိုး
စသည့် မြန်မာနိုင်ငံ နေရာအနှံအပြားတွင် ဆွေးနွေးပွဲများ၊ ဟောပြောပွဲ များကို ဟောပြောဆွေးနွေးပေးလျှက် ရှိနေပါသည်။

0 comments:
Post a Comment