လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ …


ကမ္ဘာကြီးရဲ့ ပြောင်းလဲလာခြင်း နဲ့အတူ လုပ်ငန်းခွင်မှာ ယှဉ်ပြိုင်မှုနယ်ပယ် အလွန်ကျယ်ပြန့်လာပါတယ်။ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် အကောင်းဆုံး  လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဘာတွေလုပ်ဖို့ လိုအပ်လဲ ?

၁။ ဦးစားပေးလုပ်ငန်းများ နဲ့ ပန်းတိုင်
တစ်နေ့တာ အတွက် ဘာတွေကို ဦးစားပေးလုပ်ရမလဲ ? တစ်နေ့တာ လုပ်ငန်းဆောင်တာများကို အစီအစဉ်ချမှတ်ကာ စာရင်းလုပ်ပါ။ အစီအစဉ် သတ်မှတ်တဲ့ အခါ အရေးပေါ်ကိစ္စကို ထိပ်ဆုံးမှာ ထားပြီး သူ့နောက်က အရေးကြီးတဲ့ အရာတွေကို အစဉ်လိုက် ချရေးလိုက်ပါ။ အလားတူပဲ ရေတို၊ ရေရှည် စီမံကိန်း  ကို သေသေချာချာ ချမှတ်ပြီး တိုးတက်မှုကို  မကြာခဏ တွက်ချက်ကာ အကဲဖြတ်ပါ။

၂။ အာရုံစိုက်ပါ
အလုပ်ကို စိတ်ရော ရုပ်ပါ တကယ် စိတ်ဝင်တစား လုပ်နိုင်ရဲ့လား ? အာရုံလွင့်တာ၊ အာရုံလွတ်သွား တာတွေ ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို အပြည့်အဝ အာရုံစိုက်ပါ။

၃။ ကျွမ်းကျင်မှု စွမ်းရည်တွေကို ချဲ့ထွင်ပါ
လုပ်ငန်းအတွက် ကျွမ်းကျင်မှု လိုအပ်ချက်တွေဟာ အမြဲတမ်း ပုံသေ မဟုတ်ပါ။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု စွမ်းရည် နဲ့ ဗဟုသုတတွေကို အမြဲတမ်း တိုးတက်နေပါစေ။ စာအုပ်/စာပေ ဖတ်ရှုခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ သင်တန်းများ တက်ရောက်ခြင်း စသည်ဖြင့် တိုးတက်မှုအတွက် အခွင့်အလမ်း ဟူသမျှကို ဖမ်းဆုတ် နိုင်ရန် အမြဲ အားထုတ်ပါ။

၎။ အများနဲ့ ပေါင်းသင်းဆက်ဆံပါ
လူမှုရေး လုပ်ငန်းကိစ္စများမှာ ပါဝင်ဆောင်ရွက်ရန် အသင့်ဖြစ်နေပါစေ၊ မျက်မှန်းတမ်းမိသော သူများကိုလည်း သူငယ်ချင်း ဖြစ်အောင် ဆက်ဆံပါ၊ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်း အသစ်များ ကိုလည်း လေးလေးစားစား အားတက်သရော ပြောဆို ဆက်ဆံပါ။ နားထောင်တတ်သူ ဖြစ်အောင် ကြိုးစားပါ၊ နားထောင်တတ်ခြင်းဖြင့် တစ်ဖက်သားဆီက မှတ်သားလေ့လာ စရာ တစ်ခုခုတော့ ရမှာ သေချာပါတယ်။

၅။ ကိုယ့်ရဲ့ ကောင်းကွက်ကို သိပါ
ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်များကို သိပါစေ။ ကိုယ့်က ရာထူးတိုးဖို့ ထိုက်တန်နေပြီ ဆိုရင် တောင်းဆိုပါ၊ စောင့်မနေပါနဲ့။

၆။ စိတ်ခေါ်မှုများကို ရင်ဆိုင်ပါ
စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်ခြင်းက တစ်ခါမှ မကြုံဖူးသေးတဲ့ ကိုယ်ရည် ကိုယ်သွေးတွေကို ရရှိစေနိုင်ပါတယ်။ အဲဒီ စိန်ခေါ်မှုတွေက မျှောလိုက်နေတတ်တဲ့ ပုံစံကနေ ကွဲထွက်စေမှာပါ။ တစ်နေ့ တစ်နေ့ ဘဝက အပြောင်းအလဲ မရှိ ပုံမှန်ပဲ ဖြစ်နေတယ်ဆိုရင် ရှေ့ရောက်ဖို့ လမ်း တနည်းပြောရင် တိုးတက်မဲ့ လမ်းကို မတွေ့နိုင်ပါ။ လုပ်ဖူးသားတွေပဲ ဆက်လုပ်နေရင် ရဖူးတာတွေပဲ ရပါလိမ့်မယ်။

၇။ အများနဲ့ ပြောဆိုဆက်ဆံပါ
အကျိုးရှိရှိ ပြောဆိုဆက်ဆံ နိုင်အောင် လေ့လာသင်ယူပါ။ အကူအညီရနိုင်ဖို့၊ သတင်းအချက်အလက်တွေ ရနိုင်ဖို့၊ ပတ်ဝန်းကျင်ကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်ဖို့ တစ်ဖက်သားက အကြံဉာဏ် ဝေဖန် အကြံပြုတာတွေကို လက်ခံပါ၊ အာရုံစိုက်ပါ၊ နားထောင်ပါ။

၈။ အတင်းအဖျင်းတွေကို ရှောင်ပါ
ကိုယ့်သဌေး အကြောင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေ ရဲ့ အကြောင်းပဲ ဖြစ်ဖြစ် အတင်းအဖျင်း ပြောတာကို ရှောင်ပါ၊ အပြန်အလှန် လေးစားကာ လုပ်ငန်းရဲ့ ကောင်းကျိုး အတွက်ပဲ အလုပ်လုပ်ပါ။

၉။ အပန်းဖြေပါ
ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ခြင်း၊ အပြောင်းအလဲ တစ်ခုခု လုပ်ခြင်း စသည်ဖြင့် တနည်းနည်းဖြင့် နှစ်သက် သလို အပန်းဖြေပါ၊ အားလပ်ရက်တွေမှာ အနားယူ အပန်းဖြေခြင်းက လန်းလန်းဆန်းဆန်း နဲ့ ကိုယ့်ရဲ့ လုပ်ငန်း စွမ်းဆောင်ရည်ကို မြင့်တင်နိုင်ပါလိမ့်မယ်။

၁၀။ စိတ်ပျော်ရွှင်အောင်နေပါ
ကိုယ့်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကို သဘောမကျရင် အဆင်မပြေရင် စိတ်ကို အဆင်ပြေအောင်  ပြောင်းလဲကြည့်ပါ၊ လုပ်နေရင်းနဲ့ အဆင်မပြေမှု တွေကြုံတဲ့အခါ စိတ်မပျက်ပါနဲ့၊ လူတိုင်းမှာ အခက်အခဲတွေ ရှိကြပါတယ်။ ကိုယ့်စိတ်ကို ပျော်အောင် နေထိုင်ပါ။

“လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင် နဲ့ အောင်မြင်နိုင်ကြပါစေ …… ”

အောင်ကိုဦး(UMK)
Be the Best !


Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment